လွိုင်လင်မြို့၌ ပြည်နယ်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ပထမဆုရ ကဗျာလွတ်အကအဖွဲ့အား ကြိုဆို
လွိုင်လင် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်
လမ်းဆုံမီးပွိုင့်တွင် ခရိုင်ကိုယ်စားပြုအနေဖြင့် ပြည်နယ်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင်
ကဗျာလွတ်အကဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုရရှိသည့် ပင်လုံအထက(၁)မှ ကျောင်းသူလေးများအား
စက်တင်ဘာ ၂၃ရက် မွန်းလွဲပိုင်းက ကြိုဆိုပွဲပြုလုပ်သည်။
ကြိုဆိုပွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာများ၊
ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဘင်ခရာအဖွဲ့များက ပြည်နယ်အဆင့် ဆို၊ က၊ ရေး၊
တီးပြိုင်တွင် ကဗျာလွတ်အကဖြင့် အဖွဲ့လိုက် ပထမဆုရရှိသည့်အထက(၁)ပင်လုံမှ ကျောင်းသူများအား
ကြိုဆိုဂုဏ်ပြုကြသည်။
အဆိုပါ ပထမဆုရရှိသည့် ကဗျာလွတ်အကအဖွဲ့သည်
ဗဟိုအဆင့်သို့ ဆက်လက်ယှဉ်ပြိုင်သွားရမည် ဖြစ်ကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)

No comments