ပမာဏ ၄.၅ (M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်
၂၅-၉-၂၀၂၆
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ
၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈) နာရီ၊ (၄၃) မိနစ်၊ (၅၈) စက္ကန့်အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ
တောင်-အနောက်တောင်ဘက် (၆၈) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဘုတလင်မြို့၏တောင်ဘက်
(၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၂၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၅) ဒီဂရီ၊
အနက် (၁၁၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၄.၅ (M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု
လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
Crd> မိုး/ဇလ

No comments