ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ ကျောက်တံတားခရိုင် တရားရုံးသို့ လာရောက်လေ့လာ
ရန်ကုန် စက်တင်ဘာ ၂၄
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဥပဒေပညာဌာနမှ
ကြီးကြပ်သူ ဆရာ ဆရာမ သုံးဦး ဦးဆောင်သည့် ကျောင်းသား ကျောင်းသူ ၂၀ တို့ ပါဝင်သော လေ့လာရေးအဖွဲ့သည်
ယနေ့နံနက်ပိုင်းက လမ်းမတော်မြို့နယ်ရှိ ကျောက်တံတားခရိုင်တရားရုံးသို့ လာရောက်လေ့လာကြသည်။
ထိုသို့ လာရောက်လေ့လာစဉ် ခရိုင်တရားသူကြီး
ဦးဆောင်၍ တွဲဖက်ခရိုင်တရားသူကြီးများနှင့် ဒုတိယခရိုင်တရားသူကြီးများက ကြိုဆိုခဲ့ကြပြီး
ခရိုင်တရားသူကြီး ဒေါ်မီမီထွေးက နှုတ်ခွန်းဆက်စကား ပြောကြားကာ တွဲဖက်ခရိုင်တရားသူကြီးက
တရားရုံးအဆင့်ဆင့်၏ ဖွဲ့စည်းပုံနှင့် စီရင်ပိုင်ခွင့်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တရားရုံး၌ အမှုများကို စစ်ဆေးစီရင်ရာတွင်
လက်တွေ့လိုက်နာဆောင်ရွက်ရသည့် လုပ်ထုံးလုပ်နည်းများ၊ အထူးသက်သေစစ်မေးခန်း (Video Conferencing
Room)တွင် သက်သေစစ်မေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ကျောင်းသား ကျောင်းသူများအား
လက်တွေ့သရုပ်ပြ ရှင်းလင်းခဲ့ကြောင်း သိရသည်။
ကိုထက်

No comments