တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ “လူငယ်တွေစာဖတ်ကြပါ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ကျင်းပ
တောင်ငူ စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌
ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ၂၀၂၆
ခုနှစ် စက်တင်ဘာ ၁၅ ရက်ထုတ် ဒို့ကျေးရွာဂျာနယ်မှ စာရေးသူ“
ဒေါက်တာသန်းထွန်း”ရေးသားထားသည့် “လူငယ်တွေစာဖတ်ကြပါ ဆောင်းပါးဖြင့်
စာဖတ်ဝိုင်းကျင်းပသည်။
ဦးစွာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ
ဦးစောဂျရုန်း(မောင်ယဉ်ထွေးတက္ကသိုလ်)က “လူငယ်တွေစာဖတ်ကြပါ”
ဆောင်းပါးမှ အကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက ဆောင်းပါးမှစာဖတ်ခြင်းနှင့်
စာမဖတ်ခြင်း၏ အကျိုးရလဒ်များကွာခြားပုံကို ဆွေးနွေးသည်။
ထို့နောက် Sweet Family ကိုယ်ပိုင်အထက်တန်းကျောင်းမှ
ကျောင်းသား ကျောင်းသူများက ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးကြရာ တာဝန်ရှိသူများက
ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments