ကြို့ပင်ကောက်မြို့နယ်၌ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲကျင်းပ

 


ကြို့ပင်ကောက် စက်တင်ဘာ ၂၄

 

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲကို ကုန်းမြင့်ကျေးရွာ Green Garden ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းရှင်များ၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ မြို့နယ်အတွင်းဆောင်ရွက်လျက် ရှိသောလုပ်ငန်းများ၏ အခြေအနေများ၊ မြို့နယ်အတွင်း အဓိကစိုက်ပျိုးသော မတ်ပဲနှင့်ပတ်သက်၍ ပြည်ပပို့ကုန်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ နည်းပညာရရှိရေး၊ ရင်းနှီးမှုချေးငွေရရှိရေးတို့ကို ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး မြို့နယ်အတွင်း လုပ်ငန်းရှင်များ၏ သိလိုသည့် မေးမြန်းဆွေးနွေးမှုများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.