ဟင်္သာတမြို့နယ်အတွင်းရှိ ရေကြီးရေလျှံမှုဖြစ်ခဲ့သော ကျေးရွာများသို့ ကျန်းမာရေးဌာန ကလိုရင်းဆေးခတ်ခြင်း ကွင်းဆင်းဆောင်ရွက်
ဟင်္သာတ စက်တင်ဘာ ၃
ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့နယ် အတွင်းရှိ ရေကြီးရေလျှံမှု ဖြစ်ခဲ့သော ကျေးရွာအတွင်းရှိ ရေတွင်း ရေကန်၊ ရေအရင်းအမြစ်များတွင် ကလိုရင်းဆေးခတ်ခြင်းကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟက အနီးကပ် ကြီးကြပ်မှုဖြင့် လဟာပကျေးရွာ၌ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နေခြည် ထက်ထက်လင်းအောင် ဦးဆောင်သော ခရိုင်နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား သင်တန်းသူများ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သက်သက်ဦး ဦးဆောင်သော မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူလူထုပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။
ထို့ပြင် ဟင်္သာတမြို့နယ်ရှိ ရေဝင်နစ်မြုပ်ခဲ့သော ကျေးရွာ များအနက် ကျေးရွာ ၆၇ ရွာ တို့တွင် အဖွဲ့ ၂၀၊ အင်အား ၁၀၀ တို့က ယနေ့မှ စတင်ပြီး ရေတွင်း ရေကန်များတွင် သုံးကြိမ် ဆေးခတ်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments