နယူးဒေလီ၌ လေထုညစ်ညမ်းမှုထိန်းချုပ်ရန် အရေးပေါ်အစီအမံများ ချမှတ်
နယူးဒေလီ စက်တင်ဘာ ၂၈
အိန္ဒိယနိုင်ငံ၏ မြို့တော်ဒေသဖြစ်သည့် ဒေလီတွင် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ဆောင်းရာသီကာလအတွင်း
လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာနိုင်သည့်အခြေအနေကို ကြိုတင်ကာကွယ်ရန် ဒေသခံအစိုးရက
စက်တင်ဘာ ၂၈ ရက် တွင် အစီအမံများစွာ ထုတ်ပြန်လိုက်သည်။
အဆိုပါအစီအမံများတွင် ကားပါကင်ခများ မြှင့်တင်ခြင်း၊ ဆောက်လုပ်ရေးနှင့် အဆောက်အအုံဖျက်သိမ်းရေး လုပ်ငန်းများကို
ပိတ်ပင်ခြင်းနှင့် အစိုးရရုံးများ၏ အလုပ်ချိန်များကို အလှည့်ကျသတ်မှတ်ခြင်းတို့ပါဝင်သည်။ ထို့အပြင် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် ရုံးတက်လုပ်ကိုင်ရသည့် ဝန်ထမ်းအရေအတွက်ကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရန် သတ်မှတ်ထားပြီး
အရေးကြီးဝန်ဆောင်မှုများကိုမူ ကင်းလွတ်ခွင့်ပြုထားသည်။
အဆိုပါအစီအမံများကို
နိုဝင်ဘာ ၁ ရက်မှစတင်၍ အဆင့်ဆင့်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး
အချို့သော ကန့်သတ်ချက်များမှာ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်တည်ရှိမည်ဖြစ်သည်။
ယခုကဲ့သို့ လေထုညစ်ညမ်းမှုကို
ကြိုတင်ထိန်းချုပ်ရန် အစီအမံများချမှတ်ခြင်းမှာ ဆောင်းရာသီအတွင်း လေထု ညစ်ညမ်းမှု သိသိသာသာမြင့်တက်လာသည့်လများတွင်
ညစ်ညမ်းမှုဖြစ်စေသော အရင်းအမြစ်များကို လျှော့ချရန်နှင့် ဒေလီမြို့အတွင်း မော်တော်ယာဉ်သွားလာမှုကို
လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်သည်။
လူဦးရေ သန်း ၃၀ ကျော်နေထိုင်သည့်
ဒေလီသည် ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှု အများဆုံးမြို့များအနက် တစ်မြို့ အဖြစ် သတ်မှတ်ခံထားရသည်။
ဆင်ဟွာ

No comments