ရေဝင်နစ်မြုပ်ခဲ့သည့် လယ်ယာမြေများ၌ ထွန်ယက်ခြင်းများ ဆောင်ရွက်ပေး
လေးမျက်နှာ စက်တင်ဘာ ၂၈
လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေဝင်ရောက်မှုကြောင့်
ရေဝင်နစ်မြုပ်ခဲ့သည့်လယ်ယာမြေများ၌ စပါးသီးနှံပြန်လည်စိုက်ပျိုးနိုင်ရန် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက
ယနေ့နံနက်ပိုင်းတွင် ထွန်စက်ကြီးများဖြင့် လယ်ယာမြေထွန်ယက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် နဂျီကုန်းကျေးရွာနေ
တောင်သူ ဦးထွန်းသွင်၏လယ်မြေ ၁၁ ဒသမ ၅၂ ဧကတွင် ထွန်စက်ကြီးနှစ်စီးဖြင့် ထွန်ယက်ခြင်းလုပ်ငန်းများ
ဆောင်ရွက်ပေးသည်။ ထွန်ယက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဟင်္သာတခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ လေးမျက်နှာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့်
တာဝန်ရှိသူများ၊ ဒေသခံတောင်သူများက ကြည့်ရှုအားပေးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)

No comments