ရန်ကုန်တက္ကသိုလ်၌ တရုတ် - မြန်မာ လူငယ်များ ဆွေးနွေးဖလှယ်ခြင်းနှင့် မီဒီယာတွေ့ဆုံပွဲ ကျင်းပ

 


ရန်ကုန် စက်တင်ဘာ ၃

 

တရုတ် - မြန်မာ လူငယ်များ ဆွေးနွေးဖလှယ်ခြင်းနှင့် ၂၀၂၆ ခုနှစ် တတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် Center for Research and Innovation၌ ကျင်းပသည်။

 

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သောင်းထိုက်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်ငံတကာဆက်ဆံရေးကော်မတီဝင် ဦးအေးချမ်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေး ဒေါက်တာနိုင်ဆွေဦးတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

 

အဆိုပါတွေ့ဆုံပွဲတွင် မီဒီယာနှင့် လူငယ်များ၏ အခန်းကဏ္ဍ၊ ဒေသတွင်းတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် အပြန်အလှန် ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်းသည့် အတွေးအမြင်သစ်များကို အပြန်အလှန် ဆွေးနွေးကြသည်။

 

ယနေ့ တွေ့ဆုံဆွေးနွေးမှုများကို မြန်မာတရုတ် နှစ်နိုင်ငံအကြား အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်း ခိုင်မာစေပြီး နှစ်နိုင်ငံလူငယ်မျိုးဆက်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရန်၊ လူငယ်များသာမက နှစ်နိုင်ငံပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု (People-to-People Contact) ကိုလည်း ပိုမိုတိုးမြှင့်ပေးနိုင်ရန်၊ နှစ်နိုင်ငံအကြား အနာဂတ်ဖလှယ် ပူးပေါင်းဆောင်ရွက်မှုများ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် သတင်းမီဒီယာကဏ္ဍ ပိုမိုတိုးတက်ခိုင်မာလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

 

ထို့ပြင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပိုမိုနားလည်သိရှိပြီး မြန်မာတရုတ် နှစ်နိုင်ငံအကြား ကျောင်းသားလူငယ်များနှင့် မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်သည့် ဆွေးနွေးပွဲလည်း ဖြစ်သည်။  

သစ္စာ(MNA)

No comments

Powered by Blogger.