မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဉာဏ်ရည်တုနည်းပညာကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်



ကွာလာလမ်ပူ စက်တင်ဘာ ၈

 

မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဉာဏ်ရည်တုနည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေကြောင်း မလေးရှားနိုင်ငံ ဆက်သွယ်ရေးဝန်ကြီး ဖတ်မီဖဇေးက စက်တင်ဘာ ၈ ရက်တွင် ပြောကြားသည်။

 

နှစ်နိုင်ငံအကြား ဉာဏ်ရည်တုနည်းပညာသုံးစွဲမှု မြှင့်တင်ရေးနှင့် အလုပ်အကိုင်များ ဖန်တီးပေးရေးတို့အတွက် ရည်မှန်းဆောင်ရွက်နေကြောင်း သိရသည်။ ဆိုးရွားသောရာသီဥတု အခြေအနေများရှိသည့် မလေးရှားနိုင်ငံအနေဖြင့် နိုင်ငံအတွင်း ဉာဏ်ရည်တုနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးကြောင်း မလေးရှားနိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုနည်းပညာ ညီလာခံတွင် ၎င်းကပြောကြားသည်။

 

တရုတ်နည်းပညာလုပ်ငန်း ဟွာဟွေး ၏ မလေးရှားနိုင်ငံတွင် AI ပညာရှင် ၃၀၀၀၀ ကို ပြုစုပျိုးထောင်ရန်နှင့် နည်းပညာလွှဲပြောင်းမှုနှင့် cloud နှင့် AI ပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် လာမည့်သုံးနှစ်အတွင်း ဒေသခံ AI ပညာ ရှင်၂၀၀ ကို ပျိုးထောင်မည့် အစီအစဉ်ကို ကြိုဆိုကြောင်း ၎င်းက ပြောကြားသည်။

 

တရုတ်နိုင်ငံသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အမြဲပွင့်လင်းစွာကြိုဆိုခဲ့ပြီး တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့သော AI ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးလျက်ရှိကြောင်း မလေးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Ouyang Yujing က ပြောကြားသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.