“ချစ်စရာ့အရွယ်ကစားကြမယ်” ကလေးအစီအစဉ် မြန်မာ့ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်

 


နေပြည်တော် စက်တင်ဘာ ၃၀

 

“ချစ်စရာ့အရွယ် ကစားကြမယ်” ကလေးအစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသလျက်ရှိရာ အောက်တိုဘာ ၃ ရက် (စနေနေ့) နံနက် ၁၁ နာရီတွင် MRTV-HD Channel မှ သန်လျင်မူလတန်း ကြိုကျောင်းနှင့် တောင်ဒဂုံ မူလတန်းကြိုကျောင်းတို့မှ ကလေးငယ်များ၏ ပါဝင်ကစားကြပုံများကို ထုတ်လွှင့်ပြသမည်ဖြစ်ရာ MRTV App မှလည်း Streaming ထုတ်လွှင့်မည်ဖြစ်၍ တစ်ချိန်တည်း ကြည့်ရှုနိုင်မည်ဖြစ်သည်။

 

အဆိုပါအစီအစဉ်ကို ကလေးများ ကိုယ်ခန္ဓာသန်စွမ်းပြီး စိတ်ရွှင်လန်းစေရန်၊ ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကလေးငယ်များအချင်းချင်း၊ ချစ်ချစ် ခင်ခင် ရင်းရင်းနှီးနှီး ပေါင်းသင်း ဆက်ဆံတတ်စေရန် ရည်ရွယ်ချက်များဖြင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ စီစဉ်တင်ဆက်ခြင်းဖြစ်သည်။

 

ယင်းအစီအစဉ်ကို MRTV Entertainment Channel တွင် အောက်တိုဘာ ၄ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီခွဲတွင် ပြသမည်ဖြစ်ပြီး MRTV - HD Channel တွင် အောက်တိုဘာ ၅ ရက် (တနင်္လာနေ့) ညနေ ၄ နာရီသတင်းအပြီးတွင် ထပ်မံပြသမည်ဖြစ်သည့်အပြင် MRTV App ၏ Youth Sector နှင့် MRTV Telegram တို့တွင်လည်း လွှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.