ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရေးအတွက် အီရန်၏ အဆိုပြုချက်ကို သမ္မတထရမ့် ပယ်ချ
ဝါရှင်တန် စက်တင်ဘာ ၂၇
ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရေးအတွက် အီရန်ဘက်က တင်ပြထားသည့်
စည်းကမ်းချက်များပါဝင်သော အဆိုပြုချက်ကို မိမိအနေဖြင့် ပယ်ချလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ
ဒေါ်နယ်ထရမ့်က ယမန်နေ့က ပြောကြားခဲ့သည်။
အီရန်နိုင်ငံအနေဖြင့် အဆိုပါရေလက်ကြားကို ချက်ချင်းပြန်လည်ဖွင့်လှစ်လိုကြောင်း ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် သုံးသပ်ပြောကြားခဲ့သည်။ ရေလက်ကြားကို ဖြတ်သန်းသွားလာမှုမှတစ်ဆင့် ရရှိမည့်ဝင်ငွေများ ဆုံးရှုံးနေရခြင်းကြောင့် အီရန်နိုင်ငံသည် ခက်ခဲသောအခြေအနေတစ်ခုနှင့် ရင်ဆိုင်နေရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက်နေသည့် ကာတာနိုင်ငံမှတစ်ဆင့် အမေရိကန်ထံသို့ အစီအစဉ်တစ်ခု တင်ပြခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယက် အဘတ်စ် အာရာချီက ပြောကြားခဲ့သည်။ ယခုအခါ ဆုံးဖြတ်ချက်ချရန် အမေရိကန်အပေါ် မူတည်နေကြောင်းလည်း အာရာချီက ပြောကြားခဲ့သည်။
နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲများအပြီးတွင် အီရန်နိုင်ငံကို ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည်စတင်ရန် မျှော်လင့်ထားကြောင်း ထရမ့်က ၎င်း၏ လက်ထောက်အရာရှိများအား ပြောကြားခဲ့ကြောင်း သည်ဝေါစထရိ သတင်းစာက သတင်းဖော်ပြခဲ့သည်။
သို့သော် ထရမ့်၏ သဘောထားသည် ပြောင်းလဲသွားနိုင်ပြီး ရွေးကောက်ပွဲရလဒ်များ၏ သက်ရောက်မှုအပေါ် မူတည်နိုင်ကြောင်း အဆိုပါအရာရှိများက ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ

No comments