သထုံမြို့နယ်၌ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

 


သထုံ စက်တင်ဘာ ၂၇

 

မွန်ပြည်နယ် သထုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် သထုံမြို့နယ် ဒင်္ဂါးဆိပ်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် ခေတ္တခရိုင်ဦးစီးမှူး ဦးကျော်ကျော်လတ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

 

လမ်းခင်းခြင်းလုပ်ငန်းကို ခေတ်မီစံပြကျေးရွာထူထောင်ခြင်းလုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာ ကူညီပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင်စုပေါင်း၍ စက်တင်ဘာလ ပထမပတ်မှ စတင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

သုတ

No comments

Powered by Blogger.