သန်လျင်မြို့၌ စာအောင်သံဃာတော်အရှင်သူမြတ်တို့အား ဂုဏဝိသိဋ္ဌ ပူဇာမင်္ဂလာပွဲကျင်းပ
ရန်ကုန် စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့
မဟာခေမိကာရာမ ရွှေကျင်စာသင်တိုက်ကြီးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပရိယတ္တိစာမေးပွဲ အသီးသီးတို့တွင်
အောင်မြင်တော်မူကြသော ကျောင်းတိုက်အတွင်းရှိ စာအောင်သံဃာတော်တို့အား ဂုဏဝိသိဋ္ဌ ပူဇာမင်္ဂလာပွဲ
အခမ်းအနားကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက ကျင်းပသည်။
ဆက်ကပ်လှူဒါန်း
အခမ်းအနားတွင် သဒ္ဓမ္မဇောတိ ကာရုံကျောင်းတိုက်
အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ကွမ်းခြံကုန်း ဆရာတော်ကြီးထံမှ ဂုဏဝိသိဋ္ဌ ပူဇာပွဲဖြစ်မြောက်ရေး
အကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးဆောင်အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များက
ရှစ်ပါးသီလ ခံယူဆောက်တည် ကြပြီး သန်လျင်မြို့ ရွှေကျင်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာခေမိကာရာမ
ရွှေကျင်စာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော်ကြီးထံမှ သာရဏီယ သြဝါဒကထာနာကြားကြကာ ဆရာတော်ကြီးများအား
လှူဖွယ်ဝတ္ထုနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် စာအောင်အရှင်သူမြတ်တို့အား
စာအောင်လက်မှတ်နှင့် စာအောင်ဓမ္မပူဇာဝတ္ထုများကို ဂုဏဝိသိဋ္ဌပူဇာပွဲ ဖြစ်မြောက်ရေးအကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌနှင့်
အကျိုးဆောင်အဖွဲ့ဝင်များ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သက်ခိုင်(သန်လျင်)

No comments