မရမ်းကုန်းခရိုင် ဗုဒ္ဓဘာသာကလျာဏယု၀အသင်း (YMBA) စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

 


ရန်ကုန် စက်တင်ဘာ ၂၇

 

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် ဗုဒ္ဓဘာသာကလျာဏယု၀အသင်း (YMBA)က ကြီးမှူး၍ (၆၂)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၌ ယနေ့နံနက် ၁၀ နာရီက စုပေါင်းသွေးလှူဒါန်းကြသည်။

 

မရမ်းကုန်းခရိုင် ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်း (YMBA) ကြီးမှူး၍ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းသူ အသင်းသား ၁၃၀ ခန့်က စုပေါင်းသွေးလှူဒါန်းခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့်အဖွဲ့၀င်များ၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံမှ တာ၀န်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ် ဗုဒ္ဓဘာသာကလျာဏယု၀အသင်း (YMBA) အဖွဲ့တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားပြီး သွေးလှူဒါန်းသူများအား အာဟာရဖြည့်စွက်စာများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)

No comments

Powered by Blogger.