ပန်းတောင်းမြို့နယ် ဥသျှစ်ပင်တိုက်နယ် ဆေးရုံတွင် ပြည်မြို့အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသပေး

 


ပန်းတောင်း စက်တင်ဘာ ၂၇

 

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ဥသျှစ်ပင်တိုက်နယ်ဆေးရုံတွင် ပြည်မြို့ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စိုးမင်း ဦးဆောင်ကာ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ ကေသီဝင်းမောင်၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေး ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဒေသခံပြည်သူများအား ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းသို့ ဆောင်ရွက်ရာတွင် အထွေထွေလူနာ ၇၃ ဦး၊ ခွဲစိတ် လူနာ ၂၂ ဦး၊ သားဖွားမီးယပ်ရောဂါလူနာ ၁၄ ဦး၊ ကလေးလူနာ ၁၀ ဦး၊ မျက်စိရောဂါလူနာ ၄၇ ဦး၊ သွားရောဂါလူနာ ၁၀ ဦး၊ အရိုးအကြော လူနာ ၅၉ ဦး၊ အာထွာဆောင်းရိုက်လူနာ ၃၃ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၇ ဦး စုစုပေါင်းလူနာ ၂၈၅ ဦးအား စမ်းသပ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။  

လပြည့်လင်း(ပြန်/ဆက်)

No comments

Powered by Blogger.