ကျိုက်ထိုမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ စံကိုက်ကျောင်းအဖြစ်သတ်မှတ်နိုင်ရေး ကြည့်ရှုစစ်ဆေး

 



ကျိုက်ထို စက်တင်ဘာ ၂၂


မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းသည် စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ကျိုက်ထိုမြို့ အခြေခံပညာ အထက်တန်းကျောင်း (ရွှေဥဩ)ကျောင်းအား စံကိုက်ကျောင်း အဖြစ်သတ်မှတ်နိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးက ကျောင်းများတွင် သင်ကြားသင်ယူမှု ဝန်းကျင်ကောင်းမွန်စေရေး၊ ကျောင်းအင်္ဂါရပ်များနှင့် အညီ သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် လိုအပ်သည့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အချက်များကို လမ်းညွှန်မှာကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် စာသင်ခုံများ ပြည့်စုံမှု ရှိ/မရှိ၊ ကျောင်းစာကြည့်တိုက် များ၏ အခြေအနေ၊ သောက်သုံးရေ ရရှိမှုနှင့် သန့်စင်ခန်းများ သန့်ရှင်း သပ်ရပ်မှု ရှိ/မရှိ၊ စာသင်ခန်းများ အတွင်း သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာပံ့ပိုးထားရှိမှုနှင့် ကျောင်းပတ်ဝန်းကျင် လုံခြုံ ဘေးကင်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ကျောင်းအုပ် ဆရာမကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ ကျောင်း၏လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စံကိုက်ကျောင်း ဖြစ်မြောက်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ကျောင်း အကျိုးတော်ဆောင်များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုး(ပြန်/ဆက်)

No comments

Powered by Blogger.