ဗီယက်နမ်နိုင်ငံ တောင်ပိုင်းဒေသ မြို့တော်ဟိုချီမင်းစီးတီး၌ မြေအောက်ရထားလိုင်း သုံးခု စတင်တည်ဆောက်ရန် ဆောင်ရွက်
ဟနွိုင်း စက်တင်ဘာ ၂၂
ဗီယက်နမ်နိုင်ငံ တောင်ပိုင်းဒေသမြို့တော်
ဟိုချီမင်းစီးတီးသည် ယခုနှစ် စတုတ္ထသုံးလပတ်အတွင်း မြေအောက်ရထားလိုင်း သုံးခုကို စတင်တည်ဆောက်ရန်
ဆောင်ရွက်နေကြောင်း ဒေသတွင်းမီဒီယာ VnExpress ၏ စက်တင်ဘာ ၂၂ ရက် သတင်းထုတ်ပြန်ချက်အရ
သိရသည်။
ယင်းမြေအောက်ရထားလိုင်း သုံးခု၏ အရှည်မှာ
၉၀ ကီလိုမီတာရှိမည်ဖြစ်ပြီး ကနဦးရင်းနှီးမြှုပ်နှံမှု အဖြစ် ဗီယက်နမ်ဒေါင် ၂၅၄ ထရီလီယံ
ကုန်ကျမည်ဖြစ်ကာ ၂၀၃၀ ပြည့်နှစ်တွင် လုပ်ငန်းပြီးစီးမည်ဖြစ်ကြောင်း သိရသည်။၊
အဆိုပါစီမံကိန်းများအတွက် ဖြစ်နိုင်ခြေလေ့လာမှုများနှင့်
စီမံကိန်းခွင့်ပြုချက်ရယူရေး လုပ်ငန်းများကို စီစဉ်ဆောင်ရွက်နေကြောင်း ဟိုချီမင်း စီးတီး
မြို့ပြရထားပို့ဆောင်ရေး စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က ပြောကြားသည်။
ဆင်ဟွာ

No comments