ပြည်မြို့၌ လူငယ်စကားဝိုင်း ကျင်းပ
ပြည် စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “လူငယ်စကားဝိုင်း”ကို ယနေ့နံနက်ပိုင်းက ပြည်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ အစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီးက အမှာစကားပြော ကြားပြီး ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပရာ ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းမှ နည်းပြဆရာမ (မြန်မာစာ)တို့က စေ့စပ်ညှိနှိုင်း ရေးမှူးအဖြစ် ဆောင်ရွက်ပြီး ကျောင်းသား ကျောင်းသူများက “လူငယ်နှင့် ပညာရေး”၊ “လူငယ် နှင့် နည်းပညာ”၊ “လူငယ်နှင့် ဆိုရှယ်မီဒီယာ”၊ “လူငယ်နှင့် ကျန်းမာရေး”၊ “လူငယ်နှင့် စာဖတ်ခြင်း” ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝဏ္ဏထွန်း(ပြန်/ဆက်)

No comments