မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ကျောက်စံဆိုလာလျှပ်စစ်ရေတင်လုပ်ငန်းမှ သီးနှံစုံ ဧက ၉၇၀ လျာထား စိုက်ပျိုးနိုင်




မင်းဘူး စက်တင်ဘာ ၁၀

 

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်၌ ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် ကျောက်စံ 215KW ဆိုလာ ဓာတ်အားပေးစနစ် လျှပ်စစ်ရေတင်လုပ်ငန်းမှ ဒေသခံ တောင်သူများအတွက် သီးနှံစုံ ဧက ၉၇၀ စိုက်ပျိုးနိုင်ကြောင်း သိရသည်။


ထိုသို့စိုက်ပျိုးရာတွင် မင်းဘူးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ဇွန် ၂၆ ရက်မှစ၍ စိုက်ပျိုးရေများ ပေးဝေဖြန့်ဖြူးလျက်ရှိပြီး ခရိုင်နှင့်မြို့နယ် တာဝန်ခံအရာရှိများက အနီးကပ်ကြီးကြပ်၍ ကျောက်စံ ရေတင်စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးချိန် စိုက်ပျိုးရေရရှိရေးအတွက် စနစ်တကျ ဖြန့်ဖြူးပေးဝေလျက်ရှိသည်။

 

ယခုနှစ်စိုက်ပျိုးရာသီတွင် လျှပ်စစ်ရေတင်လုပ်ငန်း ဧရိယာအတွင်း အကျိုးပြုဧရိယာ ဧကပေါင်း ၉၇၀ ရှိသည့် အနက် မိုးစပါးဧက ၅၄၀၊ နှမ်းဧက ၅၀၊ ပဲတီစိမ်း ၉၅ ဧက၊ ပဲစင်းငုံ ၃၅ ဧက၊ ဖူးစားပြောင်း ၄၅ ဧက အခြားသီးနှံ ၂၁၅ ဧကကို လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ ဧကပေါင်း ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးသွားပြီဖြစ်၍ လျှပ်စစ် ရေတင်လုပ်ငန်း စီမံကိန်းဧရိယာ၌ လာမည့်စိုက်ပျိုးရာသီများတွင်လည်း လျာထားဧကများ ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်စေရေး သက်ဆိုင်ရာဌာနများ၊ ဒေသခံတောင်သူများနှင့်အတူ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဇေယျာနိုင်(ရွှေကန်မြေ)

No comments

Powered by Blogger.