သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အဆင်သင့်ဖြစ်မှု မြှင့်တင်ရေး ဆင့်ပွားသင်တန်းဖွင့်
ပြင်ဦးလွင် စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင်
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အဆင်သင့် ဖြစ်မှုမြှင့်တင်ရေး မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို
ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ ခရိုင်ပညာရေးမှူး ဦးကျော်ကျော်မွန်က
အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါက်တာမြတ်စိုးမိုးက သင်တန်းနှင့်ပတ်သက်သည့်
စည်းကမ်းချက်များနှင့် ယူနီဆက်မှ တာဝန်ရှိသူတစ်ဦးက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်အကြောင်းအရာများကို
ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို သင်တန်းကာလ သုံးရက်ကြာ
စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ရာ သင်တန်းသား ၄၀ တက်ရောက် သင်ကြားလျက်ရှိကြောင်း
သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments