ပခုက္ကူမြို့နယ်၌ ဝါစိုက်တောင်သူများအား သွင်းအားစုမြေသြဇာပေးအပ်
ပခုက္ကူ စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ချည်မျှင်ရှည်ဝါသီးနှံ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် ပခုက္ကူမြို့နယ်အတွင်းရှိ
ဝါစိုက်တောင်သူများအား သွင်းအားစုမြေသြဇာပေးအပ်ပွဲကို စက်တင်ဘာ ၉ ရက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌
ကျင်းပသည်။
ဦးစွာ ပခုက္ကူခရိုင်စိုက်ပျိုးရေးဦးစီးမှူးက
အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက သွင်းအားစုမြေသြဇာများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍
ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု
ငါးအုပ်စုမှ တောင်သူ ၉၂ ဦး၏ ချည်မျှင်ရှည်ဝါစိုက်ဧရိယာ ၄၅၁ ဧကအတွက် ကွန်ပေါင်းမြေသြဇာ
၅၆ အိတ်ကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)

No comments