မုံရွာစက်မှုဇုန်ရှိ ပါဝါဂျုံမှုန့်စက်ရုံတွင် တစ်ရက်လျှင် ဂျုံစေ့တန် ၅၀ ကြိတ်ခွဲပြီး ဂျုံမှုန့် နှစ်တင်းဝင်အိတ် ၃၀၀ ထုတ်လုပ်လျက်ရှိ

 



မုံရွာ စက်တင်ဘာ ၁၀


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာစက်မှုဇုန်ရှိ ပါဝါဂျုံမှုန့်စက်ရုံတွင် တစ်ရက်လျှင် ဂျုံစေ့တန် ၅၀ ကြိတ်ခွဲပြီး ဂျုံမှုန့် နှစ်တင်းဝင်အိတ် ၃၀၀ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။


အဆိုပါစက်ရုံအတွင်း ဂျုံကြိတ်ခွဲ ထုတ်လုပ်နေမှု၊ ကုန်ကြမ်း သိုလှောင်ထားရှိမှုနှင့် ပါကင် ထုပ်ပိုးနေမှုတို့ကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့် အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်


ကြည့်ရှုစဉ် တိုင်းဒေသကြီးအတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်၊ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင် ဆောင်ရွက်သွားရန်၊ ကုန်ကြမ်းများရရှိစေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဂျုံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးနှင့် ကုန်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် လမ်းခရီးအဆင်ပြေမှုရှိစေရေး ဆောင်ရွက်ပေးသွားရန် ပြောကြားသည်။


ထိုမှတစ်ဆင့် မုံရွာစက်မှုဇုန်ရှိ “အေးငြိမ်းသီတာ” ဆေးဝါး ထုတ်လုပ်ရေး စက်ရုံအတွင်း တိုင်းရင်းဆေးဝါးကုန်ကြမ်းများ သိုလှောင်ထားရှိမှု၊ ခေတ်မီစက်များဖြင့် ဆေးဝါးအမျိုးမျိုး ထုတ်လုပ်နေမှုနှင့် ပါကင်ထုပ်ပိုးနေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.