ပန်းတောင်းမြို့နယ်၌ စနစ်တကျမွေးမြူရေးလုပ်ငန်း ကွင်းဆင်းကြည့်ရှု

 


ပန်းတောင်း စက်တင်ဘာ ၁၀

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း သမဝါယမကဏ္ဍမှ တိုင်းဒေသကြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ပံ့ပိုးငွေကျပ် ၁၁၆ သန်းရယူပြီး အသင်းလေးသင်းမှ အသင်းသား ၁၉ ဦး၏ ဆိတ်ကောင်ရေ ၅၈၀ မွေးမြူထားရှိမှုအနက် တောင်ပို့ကွင်းကျေးရွာ တက်လူလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အစုအဖွဲ့စနစ်ဖြင့် စနစ်တကျ စုပေါင်းမွေးမြူထားသည့် ဆိတ်ကောင်ရေ ၁၀၀ မွေးမြူထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး တိုင်းဒေသကြီး ဦးစီးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.