လွိုင်လင်မြို့၌ မိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်း ပေးအပ်
လွိုင်လင် စက်တင်ဘာ ၂၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်း လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက အပ်ချုပ်စက်နှင့် လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ရာ ထူးချွန်သင်တန်းသူများက လက်ခံရယူကြသည်။
အခမ်းအနားတွင် လွိုင်လင် - ပင်လုံ - လဲချားတို့မှ စက်ချုပ် နည်းပညာသင်တန်းထူးချွန်သူ ၁၅ ဦးအား တစ်ဦးလျှင် အပ်ချုပ်စက် တစ်လုံး၊ ဘီတင်စက် တစ်လုံး၊ ဓားစက် တစ်လုံးနှင့် လျှပ်စစ်မီးပူ စသည့် ဆက်စပ်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး

No comments