ပဲခူးမြို့၌ တားမြစ်/ပိတ်ပင်ထားသော ပိုးသတ်ဆေးများ ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေး

 



ပဲခူး စက်တင်ဘာ ၂၈


ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ ပိုးသတ်ဆေး ရောင်းချသည့် လုပ်ငန်းရှင်များအား တားမြစ်/ပိတ်ပင်ထားသော ပိုးသတ်ဆေးများ ရောင်းချမှုမရှိစေရေး ဥပဒေ လုပ်ထုံးလုပ်နည်း စည်းကမ်းချက်များနှင့် ဒေသန္တရအမိန့်များအား အသိပညာပေး ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဦးစွာ ပဲခူးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် သီးနှံ ကာကွယ်ရေးဌာနခွဲ (ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူးက ပိုးသတ်ဆေး ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံက တားမြစ်ပိတ်ပင်ထားသော ပိုးသတ်ဆေးများရောင်းချမှု မရှိစေရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.