လိုင်ဘေးရီးယား တိုက်စစ်ကစားသမား အဲလ်ဘတ်ကို ရန်ကုန်ယူနိုက်တက်ခေါ်ယူ

 


ရန်ကုန်  စက်တင်ဘာ 

ရန်ကုန်ယူနိုက်တက်အသင်းသည် တိုက်စစ်ပိုင်းအင်အားဖြည့်တင်းရန်အတွက် လိုင်ဘေးရီးယား လက်ရွေးစင်ဟောင်းနှင့် နိုင်ဂျီးရီးယား ပရီမီယာလိဂ်ကလပ် Remo Stars အသင်းမှ ဘယ်တောင်ပံ ကစားသမား အဲလ်ဘတ်ရောဘတ်ကော်ဗားအား   တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူခဲ့သည်။

ဘယ်တောင်ပံနေရာတွင်    အဓိကကစားသည့်   အဲလ်ဘတ်သည် ကွင်းလယ်တိုက်စစ်နေရာတွင်ပါ  ကစားနိုင်သည့် စွယ်စုံရကစားသမား တစ်ဦးဖြစ်ကာ ဘယ်ခြေ၊ ညာခြေ နှစ်ဖက်စလုံးဖြင့်  ကစားနိုင်သူဖြစ်သည်။ ၎င်းသည် လိုင်ဘေးရီးယား၊ နိုင်ဂျီးရီးယားနှင့် လစ်ဗျားနိုင်ငံတို့ရှိ ကလပ်အသင်းများတွင်  ကစားခဲ့ဖူးသူဖြစ်ပြီး လိုင်ဘေးရီးယားလက်ရွေးစင်အသင်း၌ ပါဝင်ကစားကာ နိုင်ငံတကာပွဲစဉ် အတွေ့အကြုံများစွာရှိသူလည်း ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့လာခြင်းနှင့်ပတ်သက်၍ အဲလ်ဘတ်ကရန်ကုန်ယူနိုက်တက်လို အသင်းကြီးနဲ့အတူ ကစားခွင့်ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ အသင်းဖော် တွေနဲ့ အကောင်းဆုံးပူးပေါင်းပြီး  နိုင်ပွဲတွေရရှိအောင်   အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပါတယ်။  ပရိသတ်တွေပျော်ရွှင်စေရအောင်လည်း  အကောင်းဆုံးစွမ်းဆောင်ပေးသွားမှာဖြစ်ပါတယ်ဟု ပြောသည်။

အဲလ်ဘတ်သည်  လာမည့်ပွဲစဉ်များတွင်  ရန်ကုန်ယူနိုက်တက်အသင်းအတွက် ကျောနံပါတ်  ၁၂  ကို   ဝတ်ဆင်ကစားသွားမည်ဖြစ်သည်။

နေမျိုး၊ ဓာတ်ပုံ-YUFC

No comments

Powered by Blogger.