နာမည်ကြီးတင်းနစ်မယ် ရီဘာကီနာ ယူအက်စ်အိုးပင်း ဒုတိယအဆင့်တက်ရောက်

 


လက်ရှိကမ္ဘာ့အဆင့် () ကာဇက်စတန်တင်းနစ်မယ် အယ်လီနာ ရီဘာကီနာသည် ယူအက်စ်အိုးပင်း တင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ပထမအဆင့်တွင် အမေရိကန်တင်းနစ်မယ် သီယာဖရိုဒင်ကို ၆-၃၊ ၆-၂ ရလဒ်ဖြင့်   နိုင်ပွဲရရှိကာ   ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ဂရင်းဆလမ်းချန်ပီယံ နှစ်ကြိမ်ဆွတ်ခူးရရှိထားသော အသက် ၂၇ နှစ်အရွယ် ရီဘာကီနာသည် ဩစတြေးလျ အိုးပင်းပြိုင်ပွဲတွင် ဖလားဆွတ်ခူးရရှိပြီးနောက်  ယခုနှစ်၏ ဒုတိယမြောက် အဓိကဖလားဆွတ်ခူးရန် ပစ်မှတ်ထား နေခြင်းဖြစ်သည်။ ၎င်းသည် ယူအက်စ်အိုးပင်းပြိုင်ပွဲ ဒုတိယအဆင့်တွင် စပိန်တင်းနစ်မယ် ဂျက်ဆီကာ ဘူဆပ်စ် မာနေရိုးနှင့်  ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မာနေရိုးသည် ပထမအဆင့်တွင် ချက်ဇ်တင်းနစ်မယ် ဒါယာ ဗစ်မာနိုဗာကို ၆-၃၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ  ဒုတိယအဆင့် တက်လှမ်းလာသူဖြစ်သည်။

ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ရီဘာကီနာနှင့်အတူ ကမ္ဘာ့အဆင့်() တင်းနစ်မယ် ဆာဘယ်လင်ကာအပါအဝင်    ကိုကိုဂေါ့ဖ်၊ အယ်လာ၊ ပိုတာပိုဗာ၊ မာတင်စ်၊ ဆက္ကရီ၊ အိုဆာကာ၊ ရှီယွန်တက်ခ်၊ ဆာစတီယာ၊ အနီဆီ မိုဗာ၊ တောင်းဆန့် စသည့် ထိပ်တန်းတင်းနစ်မယ်များ နိုင်ပွဲရပြီး ဒုတိယအဆင့်တက်လှမ်းနိုင်ခဲ့သော်လည်း  နာမည်ကြီး  ဆွစ်ဇာလန် တင်းနစ်မယ် ဘီလင်ဒါဘင်းဆစ်သည်  ပူတင်ဆီဗာကို ရှုံးနိမ့်ခဲ့မှုကြောင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ 

အောင်ဇော်

No comments

Powered by Blogger.