ရန်ကုန်စီးတီးနှင့် ရှမ်းယူနိုက်တက်ပွဲစဉ်အတွင်း ဖြစ်စဉ်များအတွက် MFF စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြစ်ဒဏ်များချမှတ်

 


ရန်ကုန်   စက်တင်ဘာ  

ဩဂုတ် ၃၀ ရက်က ပဒေသာကွင်း၌ကစားခဲ့သည့်  M League 2026-27 ပြိုင်ပွဲ ပွဲစဉ်အမှတ်() ရန်ကုန်စီးတီးနှင့် ရှမ်းယူနိုက်တက်ပွဲစဉ်မှဖြစ်စဉ်များအတွက် MFF စည်းကမ်းထိန်းသိမ်းရေးကော်မတီက သက်ဆိုင်ရာနည်းပြနှင့် ကစားသမားများအား ပွဲပယ်နှင့် ဒဏ်ကြေးပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

ထိုသို့ချမှတ်ရာတွင် အဆိုပါပွဲစဉ်မှ ပြိုင်ပွဲကြီးကြပ်၊ တာဝန်ကျဒိုင်လူကြီးအဖွဲ့နှင့် မီဒီယာအရာရှိတို့၏ အစီရင်ခံစာများ၊  ရုပ်သံမှတ်တမ်းနှင့် ဓာတ်ပုံအထောက်အထားများကို အသေးစိတ်စိစစ်ပြီးနောက် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပွဲစဉ်အတွင်း ကွင်းလယ်ဒိုင်လူကြီးက နှစ်ဖက်အသင်းကစား သမားနှစ်ဦးအား အနီကတ်ပြထုတ်ပယ်ခဲ့သည့် အဆုံးအဖြတ်မှာ မှန်ကန်ကြောင်း ကော်မတီက အတည်ပြုခဲ့သည်။

ပြိုင်ပွဲအပြီး တာဝန်ကျဒိုင်လူကြီးများနှင့်ပတ်သက်၍ ရှမ်းယူနိုက်တက်နည်းပြချုပ် ဦးအောင်ခိုင်နှင့် အသင်းခေါင်းဆောင် နန္ဒကျော်တို့၏  အင်တာဗျူးဖြေကြားချက်မှာ စည်းကမ်းထိန်းသိမ်းရေးမူများကို     ကျူးလွန်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည့်အတွက် ၎င်းတို့နှစ်ဦးအား  တစ်ဦးလျှင်  ဒဏ်ကြေးငွေကျပ် ခုနစ်သိန်းစီပေးဆောင်ရန် MFF စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ထို့ပြင် အဆိုပါပွဲစဉ်၏ ပွဲချိန် ၅၆ မိနစ်တွင် ကွင်းလယ်ဒိုင်အား ဆဲဆိုခဲ့သည့် ရှမ်းယူနိုက်တက်အသင်းမှ ကျောနံပါတ်(၃၃) ကျော်မင်းဦးနှင့် ပွဲချိန် ၆၆ မိနစ်တွင် ပြိုင်ဘက်ဂိုးသမားအား ဆဲရေးခဲ့သည့် ရန်ကုန်စီးတီးအသင်းမှ ကျောနံပါတ်() အောင်ကောင်းမာန်တို့ကို စည်းကမ်းထိန်းသိမ်းရေးမူအရ  အနီးကပ်ဆုံး နှစ်ပွဲပယ်နှင့် ဒဏ်ကြေး ငွေကျပ် သုံးသိန်းပေးဆောင်ရန် ပြစ်ဒဏ်များချမှတ်ခဲ့သည်။

ဆက်လက်၍ ရန်ကုန်စီးတီးအသင်းမှ ၎င်းတို့၏ကစားသမား အောင်ကောင်းမာန်ကို ပြင်းထန်စွာသတိပေးခဲ့ပြီး ဒဏ်ကြေးငွေကျပ် သိန်း ၃၀ ပေးဆောင်ရန် ရန်ကုန်စီးတီးအသင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြစ်ဒဏ်ချမှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နေမျိုး၊ ဓာတ်ပုံ-YCFC

No comments

Powered by Blogger.