M League ပွဲစဉ်(၁)တွင် အကောင်းဆုံးကစားသမားဆုကို ကစားသမား ခြောက်ဦးရရှိထား
ရန်ကုန် စက်တင်ဘာ ၂
Grand Royal M League
2026-27 ပြိုင်ပွဲ ပွဲစဉ် (၁)၏ AYA Pay Player of the Match အကောင်းဆုံး ကစားသမားဆုကို
ပြိုင်ပွဲဝင်ကစားသမား ခြောက်ဦးဆွတ်ခူးရရှိခဲ့သည်။
မြန်မာလိဂ်၏
Payment Partner ဖြစ်သည့် AYA Pay က အဓိကပံ့ပိုးပေးထားသည့် AYA Pay Player of the Match ဆုကို
ပွဲစဉ်(၁)အတွင်း မောင်မောင်လွင်(ရန်ကုန်ယူနိုက်တက်)၊ ဗီတင်ညို(ရတနာပုံ)၊ မြတ်ကောင်းခန့် (ရန်ကုန်စီးတီး)၊ စောမျိုးဇော်(သစ္စာအားမာန်)၊
သီဟဇော်(ဒဂုံစတား)နှင့် မောင်တော့ပ်(ဧရာဝတီယူနိုက်တက်)တို့က ခြေစွမ်းပြကာ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်ဘောလုံးရာသီတွင်
ကစားသမားများ၏ ကြိုးစားအားထုတ်မှုနှင့် စွမ်းဆောင်ရည်ကောင်းများကို ပိုမိုအသိအမှတ်ပြု
ဂုဏ်ပြုနိုင်ရန်အတွက် ပွဲစဉ်အကောင်းဆုံး ကစားသမားဆုကြေးငွေကို ပြီးခဲ့သည့်ရာသီက ချီးမြှင့်ခဲ့သည့်
ငွေကျပ်သုံးသိန်းမှ ငွေကျပ် ၁၀ သိန်းအထိ တိုးမြှင့်ချီးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။
နေမျိုး၊
ဓာတ်ပုံ-MNL

No comments