ကမ္ဘောဒီးယား၌ အလုပ်လုပ်ကိုင်နိုင်သော လူဦးရေ ၁၃ ဒသမ ၁ သန်းခန့်ရှိ

 


ဖနောင်ပင်    စက်တင်ဘာ   

ကမ္ဘောဒီးယားနိုင်ငံ၏ အလုပ်လုပ်ကိုင်နိုင်သော လူဦးရေသည် အမျိုးသမီး ၆ ဒသမ ၈ သန်းနှင့် အမျိုးသား ၆ ဒသမ ၃ သန်းဖြင့် စုစုပေါင်း  ၁၃ ဒသမ ၁ သန်းခန့်အထိရှိကြောင်း  စီမံကိန်းဝန်ကြီးဌာနအောက်ရှိ  အမျိုးသားစာရင်းအင်းဌာန၏ စက်တင်ဘာ ၂ ရက် ထုတ်ပြန်သော ကမ္ဘောဒီးယားလုပ်သားအင်အား စစ်တမ်း ၂၀၂၅ အစီရင်ခံစာအရ သိရသည်။

အလုပ်လုပ်ကိုင်နိုင်သော လူဦးရေအများစုမှာ ကျေးလက်ဒေသများမှ အများဆုံးဖြစ်ကာ ၇ ဒသမ ၈ သန်း ရှိပြီး မြို့ပြဒေသများတွင် ၅ ဒသမ ၃ သန်းသာရှိကြောင်း အဆိုပါအစီရင်ခံစာတွင် ဆက်လက်ဖော်ပြထား သည်။ ပင်မအလုပ်အကိုင်များအတွက် ပျမ်းမျှလုပ်ခလစာသည် အမေရိကန်ဒေါ်လာ ၃၀၀ ဖြစ်ကြောင်း သိရသည်။ အမျိုးသားများအတွက်လုပ်ခလစာမှာ အမေရိကန်ဒေါ်လာ ၃၁၅ ဒေါ်လာဖြစ်ပြီး အမျိုးသမီး များအတွက် လုပ်ခလစာမှာ ဒေါ်လာ ၂၈၀ ဖြစ်သောကြောင့် အမျိုးသားနှင့် အမျိုးသမီးကြား လုပ်ခလစာကွာဟမှုများရှိကြောင်း သိရသည်။    

ဆင်ဟွာ

No comments

Powered by Blogger.