ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အီဘိုလာကြောင့် သေဆုံးသူ ၃၀၀၀ ကျော်အထိရှိလာ

 


ကင်ရှာဆာ    စက်တင်ဘာ   

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသည့် အီဘိုလာရောဂါကြောင့် သေဆုံးသူ ၃၀၀၀ ကျော်အထိရှိလာကြောင်း  စက်တင်ဘာ  ၂ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက် များအရ သိရသည်။  ဩဂုတ် ၃၁ ရက်အထိ  နိုင်ငံအတွင်း ရောဂါဖြစ်ပွားသူဦးရေ ၆၁၈၆ ဦး ရှိပြီး  သေဆုံးသူ  ၃၀၀၇  ဦးရှိသည်ဟု  အစီရင်ခံစာအရ  သိရသည်။ ပြန်လည်ကျန်းမာလာသူဦးရေမှာ ၁၄၀၉ ရှိပြီး  အီဘိုလာကုသရေးစင်တာများ၌  ကုသမှုခံယူနေသူ ၈၃၀ ခန့်ရှိသည်။ အီဘိုလာရောဂါကြောင့် အီတူရီ၊ မြောက်ကီဗူး၊ တောင်ကီဗူး၊ တီရှော့ပို၊ ဟော့တ်-ယူအဲလ်နှင့် ဘာစ်-ယူအဲလ်တို့ရှိ ကျန်းမာရေးဇုန် ၆၀ ကို ထိခိုက်စေခဲ့သည်။

ဆင်ဟွာ

No comments

Powered by Blogger.