ရန်ကုန်မြို့ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်သို့ မရမ်းကုန်းမြို့နယ်ရှိ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ
ရန်ကုန် စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ
အမှတ် (၁၃) အခြေခံပညာမူလတန်းကျောင်း (လွန်)မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည်
ယမန်နေ့က ရန်ကုန်မြို့ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်သို့ သွားရောက် လေ့လာကြသည်။
ချီးမြှင့်ပေးအပ်
ထို့နောက် မော်ကွန်းတိုက် တာဝန်ရှိသူများက
မော်ကွန်းပြခန်းရှိ မော်ကွန်းနမူနာများနှင့် မြန်မာ့သမိုင်းကြောင်းကာလတစ်လျှောက် ထိန်းသိမ်းထားသည့်
မော်ကွန်းများအကြောင်း၊ မော်ကွန်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဖြစ်သော စာရွက်စာတမ်းများ
ထိန်းသိမ်းခြင်းအား လေ့လာခြင်း၊ Microfilming အခန်းတွင် မိုက်ခရိုဖလင်၏ အလုပ်လုပ် ပုံအကြောင်းအရာများ၊
ရိုက်ကူးခြင်း၊ အသုံးပြုခြင်းအကြောင်းအရာများနှင့် သုတေသီစာဖတ်ခန်းတို့ကို လိုက်လံပြသရှင်းလင်း
ပြောကြားခဲ့ပြီး ကျောင်းသား ကျောင်းသူများအား ပျော်ရွှင်ဖွယ် ဉာဏ်စမ်းပြိုင်ပွဲများကို
ကျင်းပဆောင်ရွက်ခဲ့ရာ အမှတ်တရ လက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း

No comments