အမေရိကန်၌ ကုန်တင်လေယာဉ်တစ်စင်း ပြေးလမ်းကျော်လွန်၍ မော်တော်ယာဉ်အများအပြားကို ဝင်တိုက်
ဖလော်ရီဒါ စက်တင်ဘာ ၇
အမေရိကန်ပြည်ထောင်စု
ဖလော်ရီဒါပြည်နယ်ရှိ လေဆိပ်တစ်ခုသို့ ကုန်တင်လေယာဉ်တစ်စင်း ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းကျော်လွန်ပြီး မော်တော်ယာဉ်အများအပြားကို ဝင်တိုက်မှုကြောင့်
ငါးဦးသေဆုံးကြောင်း သိရသည်။
အမေဇုန်ကုန်ပစ္စည်းများတင်ဆောင်လာသော အဆိုပါလေယာဉ်သည် စက်တင်ဘာ ၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မိုင်ယာမီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့
ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းဖြစ်ရပ်ကြောင့် ငါးဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း
ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။
အဆိုပါဖြစ်ရပ်ကြောင့်
လေယာဉ်အင်ဂျင်ခန်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ ကယ်ဆယ်ရေးသမားများက လေယာဉ်အတွင်း
ပိတ်မိနေသည့် လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့အပြင် လေယာဉ်ဝင်တိုက်မိခဲ့သည့် မော်တော်ယာဉ်များထဲမှ လူများကို ကယ်ထုတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း
မီးသတ်အာဏာပိုင်များက ပြော သည်။
အမေရိကန်ဖက်ဒရယ်လေကြောင်းဦးစီးဌာနနှင့်
အခြားအာဏာပိုင်အဖွဲ့အစည်းများသည် လေယာဉ်မတော်တဆမှု ဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
အင်န်အိတ်ချ်ကေ

No comments