စပိန်အသင်းက အင်္ဂလန်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရ

 


အင်္ဂလန်အသင်းနဲ့ စပိန်အသင်းတို့ စက်တင်ဘာ ၂၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူအီးအက်ဖ် အေနေးရှင်းလိဂ် ပွဲစဉ်မှာ   စပိန်အသင်းက   အင်္ဂလန်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ စပိန်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၁၂ မိနစ်မှာ လာမိုင်းယာမယ်က တစ်ဂိုး၊ ဒုတိယပိုင်းပွဲ ကစားချိန် မိနစ် ၆၀ မှာ အဲလက်ဇ် ဘေနာက တစ်ဂိုး၊ ၇၄ မိနစ်မှာ အိုယာဇာဘယ်က တစ်ဂိုး သွင်းယူပေးခဲ့ပြီး  အင်္ဂလန်အသင်းအတွက် ‌ချေပဂိုးတွေကိုတော့  ဂေါ်ဒွန်နဲ့ ဟယ်ရီကိန်းတို့က တစ်ဂိုးစီသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

စပိန်အသင်းဟာ   အင်္ဂလန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ယူအီးအက်ဖ်အေ  နေးရှင်းလိဂ်အုပ်စုအဆင့် ပထမပွဲစဉ် ယှဉ်ပြိုင်ကစားပြီးချိန်မှာ  အမှတ်ပေးဇယားထိပ်ဆုံးမှာ  ဦးဆောင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အင်္ဂလန်အသင်းနဲ့ စပိန်အသင်းတို့ဟာ ထိပ်တိုက်တွေ့ဆုံမှု ၂၈ ကြိမ်အထိရှိခဲ့ပြီး အင်္ဂလန်အသင်းက ၁၃ ကြိမ် အနိုင်ရကာ   စပိန်အသင်းက ၁၁ ကြိမ်အနိုင်ရရှိပြီး လေးကြိမ်က   သရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အခြားသော ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပွဲစဉ်တွေမှာတော့ ဖင်လန်အသင်းက မာရီနိုအသင်းကို ခုနစ်ဂိုး-ဂိုးမရှိ၊ ဆွစ်ဇာလန်အသင်းက မြောက်မက်ဆီဒိုးနီးယားအသင်းကို သုံးဂိုး-ဂိုးမရှိ၊ အယ်လ်ဘေးနီးယားအသင်းက ဘီလာရုစ် အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ခရိုအေးရှားအသင်းက   ချက်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ဆလို ဗက်ကီးယားအသင်းက မက်ဆီ ဒိုးနီးယားအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ လူဇင်ဘတ်အသင်းက ဘူ‌လ်ဂေးရီးယားအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး   အိုက်စ်လန်အသင်းနဲ့ အက်စ်တိုးနီးယားအသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေ၊ ဖာရိုးကျွန်းစုအသင်းနဲ့ ကာဇက်စတန်အသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေ၊ ဆလိုဗေးနီးယားအသင်းနဲ့ စကော့တလန်အသင်းတို့ပွဲစဉ်မှာ  ဂိုးမရှိ သရေ စသဖြင့် ရလဒ်အသီးသီးထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။     

ငွေကြယ်

No comments

Powered by Blogger.