အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်းပွဲစဉ်များတွင် မြန်မာအသင်းများ ရလဒ်မကောင်း

 


ရန်ကုန်   စက်တင်ဘာ   ၂၇

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း နှစ်ယောက်တွဲနှင့် သုံးယောက်တွဲပြိုင်ပွဲ အုပ်စုပွဲများကို စက်တင်ဘာ ၂၇ ရက်က  ပြုလုပ်ရာ မြန်မာအသင်းများ ရလဒ်မကောင်းဘဲ ရှုံးပွဲကြုံတွေ့ခဲ့သည်။

အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု နှစ်ပွဲစလုံးအရေးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ပထမပွဲတွင် မလေးရှား အသင်းကို ၂-၁ ပွဲဖြင့် အရေးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ပထမပွဲ ငယ်တွင် ၁၅-၉ မှတ်ဖြင့် အနိုင်ရသော်လည်း ပွဲငယ်နှစ်ပွဲဆက် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဒုတိယပွဲငယ်တွင် ၁၅-၁၇ မှတ်၊ အဆုံးအဖြတ်ပွဲဖြစ်သည့် တတိယပွဲငယ်တွင် ၁၃-၁၅ မှတ်ဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဒုတိယပွဲဖြစ်သည့် ဗီယက်နမ်အသင်းနှင့်ပွဲတွင်လည်း နှစ်ပွဲပြတ်  အရေးနိမ့်ခဲ့သည်။   မြန်မာအသင်းသည်   ပထမပွဲငယ်တွင် ၁၅-၉ မှတ်၊ ဒုတိယပွဲငယ်တွင် ၁၅-၁၃ မှတ်ဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် စက်တင်ဘာ ၂၈ ရက်တွင် လာအိုအသင်းနှင့် ကစားရမည်ဖြစ်သည်။

အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် အဖွင့်ပွဲယှဉ်ပြိုင်ကစားရာ နှစ်ပွဲပြတ်အရေးနိမ့်ခဲ့သည်။ မြန်မာ အသင်းသည်  ပထမပွဲငယ်တွင် ၁၅-၉ မှတ်၊ ဒုတိယပွဲငယ်တွင် ၁၅-၁၃ မှတ်ဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် စက်တင်ဘာ ၂၈ ရက်တွင် မလေးရှားအသင်းနှင့် ကစားရမည်ဖြစ်သည်။                                                                   

ရှိုင်းထက်ဇော်

No comments

Powered by Blogger.