ပြင်ဦးလွင်မြို့နယ်၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ‌ကွင်းဆင်းစစ်ဆေး

 


ပြင်ဦးလွင် စက်တင်ဘာ ၁၀

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ညောင်နီ-ပိန္နဲကုန်း (တ)လမ်းမှ အင်းကြီးလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက စက်တင်ဘာ ၈ ရက်မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

 

အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက အကျိုးပြုကျေးရွာ သုံးရွာရှိ လူဦးရေ ၃၅၉၈ ဦး၏ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ထုတ်ကုန်များ စျေးကွက်သို့ တင်ပို့‌ရောင်းချရာတွင် များစွာအကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.