ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမိတက် လုပ်ငန်းညှိနှိုင်းစည်းဝေး
ပုသိမ် စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်
ဖွဲ့စည်းပြီး သမဝါယမအသင်းများအား ကျစ်လျစ်ခိုင်မာသော သမဝါယမအသင်းများအဖြစ် ပြန်လည်ဖွဲ့စည်းရေး၊
မြို့နယ်သမဝါယမအသင်းစုများနှင့် အသင်းစုချုပ်တို့၏ ပေးရန်၊ ရရန်များ ရှင်းလင်းရေးတို့နှင့်ပတ်သက်၍
လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၉ ရက်က တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမိတက်
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက
အမှာစကား ပြောကြားပြီး အသင်းစုချုပ် အုပ်ချုပ်မှုဒါရိုက်တာက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ
ရှင်းလင်းတင်ပြ၍ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌများက သမဝါယမအသင်းများ ဖွဲ့စည်းရေး၊ စနစ်ကျသော
စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများ ဆွေးနွေးတင်ပြချက်များအပေါ်
တိုင်းဒေသကြီးဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments