ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ဝင်ကျေးရွာရှိ ဆယ်အိမ်စုမှူးများနှင့်တွေ့ဆုံ

 


ရန်ကုန် စက်တင်ဘာ ၂၂

 

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ဝင် ဆယ်အိမ်စုမှူးများနှင့် တွေ့ဆုံခြင်းကို ယမန်နေ့တွင် ကုလားကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။ 

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးက အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်ဆွေရည်မြင့်က ကဏ္ဍကြီး(၅)ရပ်အား ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကုလားကုန်း (ဦးထွန်းလှ)ကျေးရွာရှိ ဆယ်အိမ်စုမှူးများထံသို့ အမှိုက်ခြင်းတောင်းများ၊ တံမြက်စည်းများ၊ အမှိုက်အိတ်များ ပေးအပ်ပြီး ကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများအား အလှူငွေ၊ ဆေးဝါးနှင့် အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ကောင်းမြတ်သူ(မှော်ဘီ)

No comments

Powered by Blogger.