ရန်ကင်းမြို့နယ်၌ သမဝါယမအသင်းစုလီမိတက်အမှုဆောင်အဖွဲ့သစ် ပြန်လည်ရွေးချယ်

 


ရန်ကုန် စက်တင်ဘာ ၂၂

 

သမဝါယမနှင့်‌ ကျေးလက်ဖွံ့ဖြိုး‌ရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် သမဝါယမအသင်းစု လီမိတက်၏၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက (၅)ရပ်ကွက် ဓမ္မိကဓမ္မာရုံ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ‌ ဒေါ်နှင်းနှင်းအေးတို့က အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ အသင်းအမှုဆောင်များက ဒါရိုက်တာ အဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြားတင်ပြပြီး တိုင်းအဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးက အသင်းအမှုဆောင်များအား ဥပဒေနှင့်အညီ ရွေးချယ်ခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)

No comments

Powered by Blogger.