ပေါင်းတည်မြို့နယ်၌ ရာသီအလိုက် စားဖိုဆောင်သီးနှံများ စိုက်ပျိုးရောင်းချ



ပေါင်းတည် စက်တင်ဘာ ၁၄

 

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်ရှိ တောင်သူများသည် ရာသီအလိုက် ဟင်းသီးဟင်းရွက်ပင်များကို မိုးရေအပြင် ချောင်းရေနှင့်မြေအောက်ရေများ အသုံးပြုကာ တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

 

ယခုနှစ် မိုးရာသီဟင်းသီးဟင်းရွက်စိုက်ပျိုးရာတွင် စုစုပေါင်း ၅၈၀၇ ဧက လျာထားစိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။ ပေါင်းတည်မြို့နယ်မှ ထွက်ရှိသော ဒေသထွက်ကုန်စိမ်းများကို ဒေသတွင်း ပွဲရုံများသို့လည်းကောင်း၊ ရန်ကုန် ကုန်စိမ်းဒိုင်ကြီးများနှင့် အခြားအနယ်နယ်အရပ်ရပ်ရှိ ဈေးကွက်များသို့လည်းကောင်း ကုန်တင်ကားများဖြင့် တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

 

ရွှေသား(IPRD)

No comments

Powered by Blogger.