ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနား ကျင်းပ
ကျိုင်းတုံ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် C.T.M.E အခမ်းအနားကို စက်တင်ဘာ ၁၃ ရက်က (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ (ကျိုင်းတုံ)၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေက အမှာစကား ပြောကြားပြီး ကျိုင်းတုံတိုင်းရင်းဆေးရုံအုပ် ဦးမြင့်ခိုင်က နှလုံးရောဂါအကြောင်း စာတမ်းဖတ်ကြားပြီး ကျိုင်းတုံ တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျိုင်းတုံခရိုင်နှင့် မြို့နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာနမှူးများ၊ ကျိုင်းတုံ ဒုတိယ တိုင်းရင်းဆေးရုံအုပ်နှင့် ဝန်ထမ်းများ၊ ကျိုင်းတုံ/တာချီလိတ်ခရိုင် တိုင်းရင်းဆေးအသင်းနှင့် ဖိတ်ကြားထားသူများက ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments