ကျောက်တန်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ရန်ကုန် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဆောင်ရွက်နေသည့် လုပ်ငန်းများကို စက်တင်ဘာ ၂ ရက်က
ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တွင်ဆောင်ရွက်မည့်
ကြာကန်-ပီလခတ်ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်း လုပ်ငန်းအတွက် ပစ္စည်းစုဆောင်းခြင်းကို
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်)မှ အင်ဂျင်နီယာချုပ် ဦးဇော်မိုးဦး၊ သန်လျင်ခရိုင်
လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်း၊ ကျောက်တန်းမြို့နယ် ဦးစီးအရာရှိ ဒေါ်ခင်သီတာဟန်၊
အရည်အသွေး စစ်ဆေးရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သန့်ဇင်ထွန်း

No comments