မှော်ဘီမြို့နယ်အတွင်းရှိလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ရန်ကုန် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို တာဝန်ရှိသူများက
ယနေ့တွင် ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ
အင်ဂျင်နီယာချုပ် (တည်ဆောက်ရေး) ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်လုပ်ငန်းများ
ဆောင်ရွက်လျက်ရှိသည့် လိပ္ပုတ်-ယင်းတိုက်ပင် လမ်းအရှည်ပေ ၃၃၀၀၊ အကျယ် ၁၂ ပေ၊ ဒု ခုနစ်လက်မအား
ကွန်ကရစ်ခင်းခြင်း၊ ထိန်စွန်း-တောင်ပို့တစ်ရာ - အထယုလမ်းအား ကျောက်ဖြင့် အနိမ့်အမြင့်
ဖြေညှိ၍ ကွန်ကရစ်ခင်းခြင်းနှင့် ဝါးနက်ချောင်း - သရက်သုံးပင်- ရွှေပြည်လမ်းအား ကျောက်ဖြင့်
အနိမ့်အမြင့်ဖြေညှိ၍ ကွန်ကရစ်ခင်းခြင်းတို့ကို အရည်အသွေး ပြည့်မီစေရေး၊ အချိန်မီပြီးစီးနိုင်ရေး
မှာကြားခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ(မှော်ဘီ)

No comments