ဟင်္သာတမြို့နယ်၌ သမဝါယမအသင်းအမှုဆောင်သစ်ရွေးချယ်ပွဲ ကျင်းပ
ဟင်္သာတ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်
သမဝါယမအသင်းစု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်
ရွေးချယ်တင်မြှောက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမ၌
ကျင်းပသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး
သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိတို့က
အမှာစကားပြောကြားသည်။ ထို့နောက် အသင်းအမှုဆောင်များက အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို
ဖတ်ကြားရှင်းလင်း၍ အသင်းဝင်ကိုယ်စားလှယ်များ၏ အတည်ပြုချက်ကို ရယူခဲ့ပြီး အမှုဆောင်သစ်များ
ပြန်လည်ရွေးချယ်ခြင်း၊ တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ ကတိသစ္စာခံယူခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)

No comments