အမေရိကန်၏ တိုက်ခိုက်မှုတစ်ခုက မင်္ဂလာပွဲအခမ်းအနားကို ထိမှန်ခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရ
တီဟီရန် စက်တင်ဘာ ၃
အမေရိကန်တပ်ဖွဲ့များက
၎င်းတို့၏ နောက်ဆုံးထိုးစစ်တွင် အီရန်စစ်ရေးပစ်မှတ်များကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း
ပြောကြားခဲ့သည်။ သို့သော် အီရန်အရာရှိများကမူ တိုက်ခိုက်မှုတစ်ခုသည် မင်္ဂလာပွဲအခမ်းအနားတစ်ခုကို ထိမှန်ခဲ့ပြီး လူအများအပြား ထိခိုက်ကြောင်း ပြောကြားခဲ့သည်။
အီရန်နိုင်ငံတောင်ပိုင်းရှိ
ဆီရတ်ခ်ခရိုင်၌ ကျင်းပသည့် အဆိုပါမင်္ဂလာပွဲအခမ်းအနားတွင် တိုက်ခိုက်မှုကြောင့် နည်းဆုံး လေးဦး သေဆုံးပြီး ၆၇ ဦး
ဒဏ်ရာရရှိခဲ့ကြောင်း အီရန်မီဒီယာများက သတင်းဖော်ပြခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက
ယမန်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုသည် “နိုင်ငံတကာဥပဒေ” ကို ချိုးဖောက်ရာရောက်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်တပ်ဖွဲ့က ပဋိပက္ခကာလအတွင်း
ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများစွာတွင် ကလေးများနှင့် အရပ်သားများကို သတ်ဖြတ်ခဲ့ကြောင်း
အီရန်လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘတ်ဂျ်ဟာ ဂါလီဘတ်ဖ်က ပြောကြားခဲ့သည်။
အမေရိကန်ဗဟိုစစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ
တင်မ်ဟော့ကင်စ်က ၎င်းတို့အနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်တပ်ဖွဲ့က အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လေ့မရှိပါကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အမေရိကန်တပ်ဖွဲ့များသည်
အီရန်ကို ထိရောက်စွာတိုက်ခိုက်ခဲ့ကြောင်းနှင့် ယခုပြန်လည်စတင်သည့် စစ်ဆင် ရေးသည် အချိန်ကြာမြင့်မည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
ကိုးကား
- အင်န်အိတ်ချ်ကေ
ဘာသာပြန်
- အောင်ကျော်ကျော်

No comments