အမေရိကန်တပ်ဖွဲ့၏ ရေငုပ်သင်္ဘောအား ဟော်မုဇ်ရေလက်ကြားတွင် ဖမ်းဆီးရမိကြောင်း အီရန် ပြောကြား

 


တီဟီရန်   စက်တင်ဘာ   ၂၇

အမေရိကန်တပ်ဖွဲ့၏ လူလိုက်ပါခြင်းမရှိသည့် ရေငုပ်သင်္ဘောအား ဟော်မုဇ်ရေလက်ကြားတွင် ဖမ်းဆီးရမိခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ရေတပ်က စက်တင်ဘာ ၂၇ရက်တွင် သတင်းထုတ် ပြန်ခဲ့သည်။

ဟော်မုဇ်ရေလက်ကြားတွင် သူလျှိုလုပ်ငန်းများဆောင်ရွက်နေသည့် အလိုအလျောက်မောင်းနိုင်သည့် ရေငုပ် သင်္ဘောအား အီလက်ထရောနစ် စစ်ဆင်ရေးအတွင်း   အီရန်တပ်ဖွဲ့ဝင်များ၏  ဆောင်ရွက်မှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း အီရန်နိုင်ငံ တရားဝင်သတင်းဌာန ဆီပါ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ၎င်းရေငုပ်သင်္ဘောမှ အချက်အလက်များ ရရှိရေးအတွက် ကျွမ်းကျင်သူများက ဆောင်ရွက်နေကြောင်း သိရသည်။ ဟော်မုဇ်ရေလက်ကြားအား လက်ရှိအချိန်တွင် ပိတ်ထားပြီး ဟော်မုဇ်ရေလက်ကြားရှိ တရားမဝင်လမ်းကြောင်းများမှ သင်္ဘောများသွားလာမှုမရှိစေရေးအတွက် အစီအမံများဆောင်ရွက်နေကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ရေတပ်က ပြောကြားသည်။

ယခုလအစောပိုင်းက ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်တပ်ဖွဲ့၏ လူလိုက်ပါခြင်းမရှိသည့် ခေတ်မီရေငုပ် သင်္ဘောတစ်စင်းအား  ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါရေတပ်ဖွဲ့က ပြောကြားသည်။ ယခု ဖမ်းဆီးရမိသည့် သင်္ဘောသည် ဒုတိယမြောက်ဖမ်းဆီးရမိသည့် ရေငုပ်သင်္ဘောဖြစ်သည်။                                                    

ဆင်ဟွာ

No comments

Powered by Blogger.