စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
ရန်ကုန် စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်စာပေဥယျာဉ်အသင်းနှင့် မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ ရက်က အဆိုပါဦးစီးဌာန လူထုအခြေပြုဗဟိုဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ အသင်းနာယက၊ စာရေးဆရာ အသင်းဥက္ကဋ္ဌတို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် စာရေးဆရာမ ပျိုပျို ယောဂ(သစ်တော)နှင့် စာရေးဆရာ ကျော်မောင်မောင် (မြင်းဝင်း)တို့က “ဖေမြင့်၏ ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း” စာအုပ်ပါအကြောင်း အရာများကို စိတ်ဝင်စားဖွယ် ဆွေးနွေးကြကာ စာရေးဆရာအသင်းနှင့် စာပေဥယျာဉ် အသင်းဝင်များက အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြင့်ဦး

No comments