ရန်ကုန်မြို့ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်သို့ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ

 


ရန်ကုန် စက်တင်ဘာ ၂၇

 

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၁၂ ဦး နှင့် ဆရာ ဆရာမများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်သို့ သွားရောက်လေ့လာကြသည်။

 

ရှင်းလင်းပြောကြား

ထိုသို့သွားရောက်လေ့လာစဉ် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စောနန်းနွယ်က အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် သမိုင်းအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထို့‌နောက် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်မှ တာဝန်ရှိသူများက ဗိုလ်တထောင်မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမကြီးဦးဆောင်သော ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား မော်ကွန်းတိုက်၏ စာရွက်စာတမ်းများ ထိန်းသိမ်းခြင်း၊ လုပ်ငန်းများကို လေ့လာခြင်း၊ စာရွက်စာတမ်းများ၊ သတင်းစာများ သို့မဟုတ် စာအုပ်များကို အရွယ်အစား အလွန်သေးငယ်အောင် (Microfilm ဖလင်ပေါ်သို့) ဓာတ်ပုံရိုက်ကူး သိမ်းဆည်းခြင်း၊ မိုက်ခရိုဖလင်ရိုက်ကူးခြင်းလုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ခင်ဝင်း(ပြန်/ဆက်)

No comments

Powered by Blogger.