မြစ်ကြီးနားမြို့အဝင် ကုန်သွယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ကုန်စစ်ဆေးရေးစခန်း ဖွင့်လှစ်ထားရှိ

 



မြစ်ကြီးနား စက်တင်ဘာ ၈


ကချင်ပြည်နယ်အတွင်း တစ်ဖက်တရုတ်နိုင်ငံသို့ ပို့ကုန်ပစ္စည်းများ တရားဝင်တင်ပို့နိုင်‌ရေးနှင့် နိုင်ငံတော် က ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများရရှိရေး၊ တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများ ပပျောက်စေရေးအတွက် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအတွင်း မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်း ဖွင့်လှစ်ထားရှိရာ အဆိုပါ ကုန်စစ်ဆေးရေးစခန်းသို့ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသအတွက်အရေးပါသည့် ကုန်သွယ်ရေးလုပ်ငန်း များ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အရေးကြီးသည့် လုပ်ငန်းဖြစ်သည့်အပြင် ကုန်စည် စီးဆင်းမှုနှင့် ဒေသတွင်း အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုမရှိစေရေးအတွက် ကုန်စစ်ဆေးရေးစခန်း၌ လိုအပ်သည့် အခြေခံအဆောက်အအုံများ အမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက်ကြရေး ဌာနဆိုင်ရာများ၊ ကံပိုင်တည်ကုန်သည်ကြီးများအသင်း တာဝန်ရှိသူ များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ခြံဝင်းအတွင်း မြို့နယ်စည်ပင်သာယာအဖွဲ့သန့်ရှင်းရေးဝန်ထမ်း များနှင့် ကုန်တင်ကုန်ချအဖွဲ့များက ခြံသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးကာ ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။


ထို့နောက် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။


ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ယူနက်စကို ညွှန်ကြားရေးမှူးချုပ် ထံမှ ပေးပို့လာသည့် သဝဏ်လွှာကိုဖတ်ကြားပြီး နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ပညာရေးဝန်ကြီးဌာန၏ စာတတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်မှု ဗီဒီယိုကလစ်ဖွင့်လှစ်ပြသကာ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာထက်၊ လယ်၊ မူအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


 ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.